သတင်းများ

ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများကအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့သည်။
တောင်တွင်းကြီးမြို့၌ စားသုံးသူအခွင့်အရေးနှင့်ဝန်ဆောင်မှု အသိပညာပေး Talk Show ကျင်းပ
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ​ရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီးစားသုံးသူအခွင့်အရေးနှင့် ဝန်ဆောင်မှု အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၇၃)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သထုံတွင် အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ အောက်ဆီဂျင် နေ့စဉ်အခမဲ့ လှူဒါန်းဖြန့်ဖြူးပေးလျက်ရှိ
Jan 12,2022
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ်အောက်ဆီဂျင်ရရှိရေး အထောက်အကူပြုနိုင်ရေးအတွက် သထုံမြို့ရှိ အနှိုင်းမဲ့ မေတ္တာသွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ သစ်မှအောက်ဆီဂျင်အိုးများကို နေ့စဉ်အခမဲ့ လှူဒါန် ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 12,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းအချိ်နက မြို့ပေါ်ရပ်ကွက်များနှင့် ပျဉ်းတောကျေးရွာ အတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မန်ကန်မြို့ အ.ထ.က ကျောင်းရှိ ကျောင်းသားကျောင်းသူ (၁၅၀)ဦးအား (Albendazole 400 mg) သန်ချဆေး၊ တုတ်ချဆေးအား တိုက်ကျွေး
Jan 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ (၁၅၀)ဦးအား (Unicef)အဖွဲ့မှ လှူဒါန်းသည့် (Albendazole 400 mg) သန်ချဆေး၊ တုတ်ချဆေးအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျန်းမာရေးဌာနဝန်ထမ်းများမှ တိုက်ကျွေးခဲ့သည်။
လက်ပံတန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၌ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေး
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာတွင် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နေလယ်ပိုင်းက ညောင်ဝိုင်းကျေးရွာ "စာပေပန်းခင်း" ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင် ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။