သတင်းများ

ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ (အခမဲ့) နေ့ချင်းပြီး ဆောင်ရွက်ပေး
Jan 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို (အခမဲ့) ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများ အရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ကျူတော)၊ အ.ထ.က (ခွဲ)အတွင်းရေကျော်နှင့် အ.ထ.က(ခွဲ)ကျိုက္ခနာ အခြေခံပညာကျောင်း (၃)ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ လူထုအခြေပြုဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနရှိ (Community Center) ခန်းမတွင် ယမန်နေ့က ဆရာဦးအောင်သင်း၏ ပညာသာလျှင်နှင့် သစ်လွင်အတွေး ဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး၌ ယ​မန်​နေ့ နံနက် (၉:၀၀) နာရီအချိန်က ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်​​ရေး​ ဆောင်ရွက်​ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ကြီးကြပ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အလုံမြို့နယ်၌ အသက်(၁၈) နှစ် အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield)  (ပထမအကြိမ်) ထိုးနှံခြင်းများဆောင်ရွက်
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄) ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့ နံနက် (၉)အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covidshield) ထိုးနှံခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၁၆)နှစ်နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြား ပြုလုပ်ရန် မကျန်ရှိစေရေး ရပ်ကွက်းများအတွင်း ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ(၃)ရက်နေ့မှ စတင်၍ ရပ်ကွက် များအတွင်း သတ်မှတ်နေရာများအလိုက်ကွင်း ဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် မြို့မစာကြည့်တိုက်တွင် ရပ်ကွက်အတွင်းနေ အသက်(၁၆) နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၄ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၅၀) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ပြည်သူများစာပေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာပေများမှရရှိသည့် ဗဟုသုတများကို လွယ်လင့်တကူ ရရှိစေနိုင်ရန် ရည်ရွယ်၍ Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။