အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

အမ်း ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းအချိ်နက မြို့ပေါ်ရပ်ကွက်များနှင့် ပျဉ်းတောကျေးရွာ အတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည်  မျိုးဗီဇပြောင်း အိုမီခရွန်အဖြစ် နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှုများပြားလာခြင်းကြောင့်  ကိုဗစ်-၁၉ ရောဂါ  မျိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီနေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကြရန် လိုအပ်ကြောင်း ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လှည့်လှည် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

စိုးမင်းထွန်း