ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်

ဒေါပုံ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင် ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် ဒု လ.ဝ.က မှူး ဒေါ်မြမြနွယ်စိုးနှင့် ဝန်ထမ်းများက အသက် ၁၂ နှစ်အထက် (၁၅) ဦး၊ အသစ်လဲလှယ်သူ(၁၀)ဦး၊ အသက် ၁၈နှစ်ပြည့်ပြီးသူ (၁၀)ဦး စုစုပေါင်း (၃၅)ဦးတို့ကို အခမဲ့ဆောင် ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၄) ရပ်ကွက်တွင်၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်း (၁၅၅၈) ဦးအား ပေးအပ်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ နေ့စဥ်ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယဥ်မော်(ပြန်/ဆက်)