တောင်တွင်းကြီး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီးစားသုံးသူအခွင့်အရေးနှင့် ဝန်ဆောင်မှု အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စားသုံးသူအခွင့်အရေးနှင့်ဝန်ဆောင်မှုအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူရေးရာဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရည်မှန်းချက်(၃)ရပ် ၊ မျှော်မှန်းချက် ( ၅ )ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများ ရရှိမည့်အခွင့်အရေးနှင့် ဝန်ဆောင်မှုအသိပညာဗဟုသုတများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့်ချိတ်ဆက်၍ အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဦးနိုင်ဝင်း