မန်ကန်မြို့ အ.ထ.က ကျောင်းရှိ ကျောင်းသားကျောင်းသူ (၁၅၀)ဦးအား (Albendazole 400 mg) သန်ချဆေး၊ တုတ်ချဆေးအား တိုက်ကျွေး

မန်ကန် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ (၁၅၀)ဦးအား (Unicef)အဖွဲ့မှ လှူဒါန်းသည့် (Albendazole 400 mg) သန်ချဆေး၊ တုတ်ချဆေးအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျန်းမာရေးဌာနဝန်ထမ်းများမှ တိုက်ကျွေးခဲ့သည်။

အဆိုပါ (Albendazole 400 mg) သန်ချဆေး၊ တုတ်ချဆေးတိုက်ကျွေးရာတွင် ကလေးဝမ်းဗိုက် အတွင်းရှိ သန်ကောင်များကြောင့် ဗိုက်နာခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ သိပ်များလာပါက အူပိတ်ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်းများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ထားရခြင်းဖြစ်ကြောင်း၊ တုတ်ကောင်များကြောင့် စအိုနှင့်လိင်အင်္ဂါ ယားယံခြင်းနှင့်အထူးသဖြင့် ညဘက်တွေမှာအရမ်းယားတဲ့အတွက်ကြောင့် အိပ်ရေး ပျက်ခြင်းများ ဖြစ်နိုင်ကြောင်း၊ သန်ချဆေးကို ပုံမှန်အားဖြင့် အသက် နှစ်နှစ်ကစပြီး တိုက်လေ့ရှိပြီး ခြောက်လ သို့မဟုတ် တစ်နှစ် တစ်ကြိမ်လောက်သန်ချသင့်ကြောင်း လိုအပ်ရင် အသက် ၁ နှစ်ကစပြီးလည်း တိုက်နိုင်ပါကြောင်း၊ သန်ချဆေးတွေမှာ နောက်ဆက်တွဲဆိုးကျိုး အင်မတန်နည်းပါးသော်လည်း တချို့ကလေးတွေမှာတော့ ပျို့တာ၊ အန်တာအနည်းအပါး ဖြစ်နိုင်ပါကြောင်း အစရှိသည့် ဆေး၏ကောင်းကျိုး ဆိုးကျိုးများ နှင့်အတူ ရှောင်ရန်ဆောင်ရန် ကျန်းမာရေး အသိပညာများကိုပါ ကျန်းမာရေးဌာနမှ တာဝန်ခံဒေါ်နန်းခမ်းကြာက ပြေားကြားခဲ့ကြောင်း သိရသည်။

မန်ကန် (ပြန်/ဆက်)