Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒဂုံမြိုသစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ အချိန်မှ စတင်၍ စာရင်းပေးသွင်းရန် မလိုပဲ လာရောက်ဆေးထိုးနိုင်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမူယာကျော်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 22,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၁၁ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၁၈၉)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့နံနက်၉နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက(၂)လသာ ကျောင်း၀င်း အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့အတွင်းရှိ အသက်(၄၀)နှစ်နှင့် အထက် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၃၄၁)ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉နာရီခန့်က ကျောက်တလုံးကြီးမြို့၊ အောင်ဓမ္မစေတီဘုရားကုန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့
Jan 22,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ် မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စုအတွင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု၊ နမ့်ကတ်ကျေးရွာတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း ဒေသခံပြည်သူတိုင်း ဉပဒေနှင့်ညီညွတ်သူတိုင်း နိုင်ငံသားကတ် ရရှိစေရေး အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့နံနက်(၁၁) နာရီအချိန်က ရွက်စိမ်းပွင့် လူငယ်ဇရပ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 22,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို လက်ကိုင်စပီကာဖြင့် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21649
Page
21650
Page
21651
Page
21652
Current page
21653
Page
21654
Page
21655
Page
21656
Page
21657
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department