သတင်းများ

ရွှေသောင်ယံမြို့ အမက(၁၈၃) ကျောက်တလုံးကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများအား ကွင်းဆင်းကျင်းပ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမက(၁၈၃) ကျောက်တလုံးကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 16,2021
နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပေးနှိုးဆော်
Dec 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် လူစည်ကာရာ လမ်းဆုံလမ်းခွနေရာများတို့၌ အသံချဲ့စက်ဖြင့် မွန်/ဗမာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်ခဲ့သည်။
ဖြူးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို မြေစိုက်ဘုတ်တွင် ပြသ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ အလွယ်တကူ လေ့လာ သိရှိနိုင်ရန်အတွက် ရည်ရွယ်ကာ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တို့ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာအေးချမ်းမိုး၏ “ပေါင်းစည်းခြင်းရဲ့ရလာဒ်” စာအုပ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း သိရသည်။
ငပု​တောမြို့ အ​ခြေခံပညာအထက်တန်း​ကျောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပပြုလုပ်
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်းနှင့် မူလတန်း ကျောင်းများတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်​ရေး​နေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ် ကျင်းပခဲ့ကြောင်းသိရသည်။ ထိုသို့ ကျင်းပရာတွင် အထက်တန်းအဆင့် ထုတ်ဆီးတိုးပြိုင်ပွဲနှင့် အလယ်တန်း နှင့်မူလတန်းအဆင့်​ ကျောင်းသား၊​ ကျောင်းသူများက မီ​တာ ၅ဝ အ​ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီ အိတ်စွတ်ပြိုင်ပွဲ၊ ပူပေါင်းဖောက် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းနဲ့ ပတ်သက်သော အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်၍အသိပညာ​ပေး
Dec 16,2021
မသန်စွမ်းနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်၍ အသိပညာ​ပေး​ဆွေ​နွေးခြင်းကို ဒီဇင်ဘာလ(၁၆)ရက်​​နေ့၊ နံနက်ပိုင်းက ရန်ကုန်​​မြောက်ပိုင်းခရိုင်၊ အင်းစိန် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များသို့ နိုင်ငံသားစိစစ်ရေး ကတ် (၄၀၉၁) ကတ် ပြည်သူများအားပေးအပ်
Dec 16,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများတို့သည် ယနေ့ နံနက် (၈) နာရီက လားရှိုးမြို့၊ ဂျမိုင်ရွာဟောင်း ရေထွက်အား သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။