ဖြူးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို မြေစိုက်ဘုတ်တွင် ပြသ

ဖြူး ဒီဇင်ဘာ(၁၆)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ အလွယ်တကူ လေ့လာ သိရှိနိုင်ရန်အတွက် ရည်ရွယ်ကာ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တို့ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ၊ လက်တလော ဖြစ်ပွားနေဆဲကာလဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်။ COVID-19ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော   ပါတီစုံဒီမိုကရေစီစံနှုန်းများနှင့်အညီ  နိုင်ငံတော်တာဝန်အား  လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့်ကို၎င်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်တွင် နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးများကို  အကောင်အထည်ဖော်ဆောင် ရွက်နေမှုကို၎င်း  မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာ များဖြင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)