ငပု​တောမြို့ အ​ခြေခံပညာအထက်တန်း​ကျောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပပြုလုပ်

ငပု​တော  ဒီဇင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်းနှင့် မူလတန်း ကျောင်းများတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်​ရေး​နေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ် ကျင်းပခဲ့ကြောင်းသိရသည်။ ထိုသို့ ကျင်းပရာတွင် အထက်တန်းအဆင့် ထုတ်ဆီးတိုးပြိုင်ပွဲနှင့် အလယ်တန်း နှင့်မူလတန်းအဆင့်​ ကျောင်းသား၊​ ကျောင်းသူများက မီ​တာ ၅ဝ အ​ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီ အိတ်စွတ်ပြိုင်ပွဲ၊ ပူပေါင်းဖောက် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်​ကျောင်းသား၊ ​ကျောင်းသူများအား လွတ်လပ်​ရေး​နေ့ အခမ်းအနားတွင် ဆုများအသီးသီး​ ​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။       

နုနု​အေး