သတင်းများ

လမိုင်းမြို့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြောပြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 16,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် အားလပ်ချိန်များ ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင် တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပြင်ပြောပြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်းကာ ပြုလုပ်ဆောင်ရွက်ပေး
Dec 16,2021
ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက်နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက တက်သစ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပူဖောင်းမှုတ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ် ပြိုင်ပွဲနှင့် အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ အမျိုးအစား (၇)မျိုး ကျင်းပခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား Sinopharm ပထမအကြိမ်ထိုးနှံပေး
Dec 16,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှမထိုးရသေးသူ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား Phase-5 ပထမအသုတ်ကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆေးထိုးနှံပေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကာကွယ်ဆေး ထိုးနှံမှုကျန်ရှိမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာနှင့် စံပြကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက် ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ပိုးကရင်ဘာသာ မြန်မာဘာသာဖြင့် အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် (omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လမြိုင်မြို့ မြိုင်ရတနာ ကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နေမှု ကြည့်ရှုစစ်ဆေး
Dec 16,2021
မော်လမြိုင်မြို့ မြိုင်ရတနာကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ် နှင့် အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။