ပွင့်ဖြူ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကာကွယ်ဆေး ထိုးနှံမှုကျန်ရှိမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာနှင့် စံပြကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက် ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပွင့်ဖြုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမအပါအဝင် သတ်မှတ်ဆေးထိုး စုရပ်နေရာများတွင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဒီဇင်ဘာလ နောက်ဆုံးအပတ်ထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)