ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်

မောင်တော   ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင် ရုံး မှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံ သင်တန်းကို  ယနေ့ နံနက် ၉ နာရီ အချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးကယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ လက်ထက်တွင် ဝန်ကြီးဌာနအသီးသီးတွင် လိုအပ်လျက်ရှိသည့် ဝန်ထမ်းများကို ရွေးချယ်ခန့် ထားလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်အနေဖြင့် ဝန်ထမ်း သစ် (၂၂) ဦးအား ခန့်ထားပေးခဲ့ပြီး သင်တန်းတွင် ဌာနအတွင်းလုပ်ထုံးလုပ်နည်းများ ၊ သိသင့်သိထိုက်သည့် သင် ခန်း စာများကို ရက်တိုသင်တန်းတွင်  တာဝန်ရှိသူများက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း နှင့် ဝန်ထမ်း သစ် များ အနေဖြင့် သင်တန်းမှ ပို့ချပေးမည့် စစ်ရေးပြဘာသာရပ် ၊ လူဝင်မှုကြီးကြပ်ရေး ဘာသာရပ်၊ အမျိုးသား မှတ်ပုံတင် နှင့် နိုင်ငံသားဆိုင်ရာ ဘာသာရပ်၊ ပြည်သူ့ အင်အား ဘာသာရပ် သင်ခန်းစာများကို ကြိုးစားနာခံ သင်ယူကြရန် လိုအပ်ကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင်က သင်တန်းမှ ပို့ချပေးမည့်ဘာသာရပ်များ၊  ဝန်ထမ်းများသိသင့် သိထိုက် သည့် များကို သင်တန်းနည်းပြများက ပို့ချပေးမည့်ဖြစ်ပြီး သင်ခန်းစာများကိုလည်း  စနစ်တကျ လေ့လာသင်ယူကြရန် မှာကြား ခဲ့သည်။  အဆိုပါ သင်တန်းကို  မောင်တောခရိုင်းအတွင်းမှ သင်တန်းသား/သူ   ၂၂ ဦး နှင့် အနောက် ဘက်နယ်စပ်ဒေသ မှ ဝန်ထမ်း ၂ ဦး စုစုပေါင်းသင်တန်းသား/သူ ၂၄ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်း ကာလမှာ  ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့ထိ ၇ ရက်ကြာ သင်တန်းပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)