ဒိုက်ဦး ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ် အတွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောသန့်စင်ရန် အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန် ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးရန် လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့၏နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြပါရန် စသည့် လိုက်နာ ရမည်အချက်များ ရှောင်ကြဉ်ရမည့်အချက် များနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲစက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)