သီပေါမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်  စာအုပ်စာစောင်ပြပွဲပြသခြင်းများဆောင်ရွက်

သီပေါ     ဒီဇင်ဘာ    ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သီပေါမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ပြပွဲ၊ ပြခန်းများ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ပြည်ထောင်စုကြီး တည်တံ့စေဖို့ လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် လွတ်လပ်ရေး ကြိုပမ်းမှု သမိုင်းဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေကိုမြတ်နိုးတန်ဖိုး ထားတတ်စေရန် ရည်ရွယ်၍ စာအုပ် ၊ စာစောင်များကို အမျိုးအစား  ပညာရပ်များ အလိုက် ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့ တက်ရောက် လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင်  ပြပွဲ၊ ပြခန်းများ ပြသဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ များကို စာစီစာကုံး ပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြင်ခြင်း ပုံတူပန်းချီဆွဲပြိုင်ပွဲ စသည့်များကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)