(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှု ကျင်းပ

                 ဇေယျာသီရိ     ဒီဇင်ဘာ  ၁၅

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဥတ္တရခရိုင် ၊ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။         

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သင်းမြတ်မွန်က ကျောင်းသား/သူများကို ကျန်းမာရေး အသိပညာနှင့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဆောင်မှုသည်လည်း ပညာရေးအတွက် အဓိက အခန်းကဏ္ဍမှာပါဝင်ကြောင်း ဟောပြောခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ဝင်းမွန်မှ ကျောင်းသား / သူများအား အသိပညာတိုးတက်စေရေးအတွက် ဉာဏ်စမ်းစကားပုံဆက်ခြင်းနှင့် ဉာဏ်စမ်းပဟေဠိမေးခွန်း ဖြေဆိုခြင်းများ ဆောင်ရွက်ခြင်းနှင့်အတူ ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှု အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)