ပုသိမ်ကြီး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သရက်တပင်ကျေးရွာအုပ်စုတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား နိုင်ငံသားစိစစ် ရေး ကတ်ပြားပြုလုပ်သူ အမျိုးသမီး(၂၉)ဦး၊ အမျိုးသား (၂၆)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသမီး (၄၃)ဦး၊ အမျိုးသား (၄၀)ဦး နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်သူ စုစုပေါင်း (၁၃၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်ရုံးထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက် ပေးသလို မြို့နယ်ရုံး၌လည်း ပြည်သူများ လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု စာရင်းနှင့် အခြားလိုအပ် သည်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ပြည်သူများ အနေဖြင့် ကျေးရွာတွင်သာ ဆောင်ရွက်ရခြင်း၊ အချိန် ကုန်ငွေကုန် သက်သာ၍ ပိုမိုအဆင်ပြေပြီး၊ မြို့နယ်ရုံးအနေဖြင့်လည်း ပန်းခင်းစီမံချက်အ ကြောင်း အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက် မြို့နယ်မှူး ဦးမျိုးဝင်းကြိုင်ထံမှ သိရသည်။
ဇာနည်ကိုကို