မန်တုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၁)စာစောင်မှ စာတည်းမှူးရေးသားသည့် “အတွေးအခေါ် ကောင်းများဖြင့် နိုင်ငံကောင်းကျိုးဖော်ဆောင်ကြမည်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အေးချမ်း တည်ငြိမ်ခြင်းနှင့်မြင့်မားအောင်မြင်ခြင်း ကောင်းကျိုးရလဒ်တို့သည် နိုင်ငံအတွင်းရှိ နိုင်ငံသားတို့၏ အတွေးအခေါ် အမြော်အမြင်ကျယ်ပြန့်မှု၊ ဗဟုသုတမြင့်မားမှု၊ မျှော်မှန်းချက်ကောင်းမွန်မှုအပေါ်တွင် မူတည်ကြောင်းနှင့် စာဖတ်ခြင်းသည် လူတစ်ဦးချင်း၏အသိအမြင်ကို ကျယ်ပြန့်စေပြီး ဗဟုသုတ တိုးပွားခြင်းနှင့် အတွေးအခေါ်ရင့်သန်ခြင်းကိုဖြစ်ပေါ်စေ၍ လူတိုင်းစာဖတ်ခြင်းအလေ့အထ ဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ထမ်းများမှ “အတွေးအခေါ်ကောင်းများဖြင့် နိုင်ငံကောင်းကျိုးဖော်ဆောင်ကြမည်” ခေါင်းစဉ်ပါ အကြောင်းအရာများ ဖတ်ကြားကြပြီး တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မန်တုံ (ပြန်/ဆက် )