မိုင်းဖြတ်မြို့နယ်၌ ပညာရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

မိုင်းဖြတ်  ​ဒီဇင်ဘာ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပညာရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အထူးသတိပြုကာကွယ်ရေး၊ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေ ရပ်မိရပ်ဖများအနေဖြင့် ဆရာ၊ ဆရာမများ၏ ပညာရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ပူးပေါင်းကူးညီဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်းပြီး အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်က ကျောင်းအထောက်အကူပြု လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများရှိ အခြေခံ ပညာကျောင်း (၂၂) တွင် တာဝန်ထမ်းဆောင်ကြမည့် မွန်းမံသင်တန်းဆင်း ဆရာ၊ ဆရာမ(၂၅)ဦးအား မိမိတို့တာဝန် ကျထမ်းဆောင်ရမည့် ကျောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများကို မိတ်ဆက်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး