မော်လမြိုင် ဒီဇင်ဘာ ၁၅
ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး၊ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက မြို့တွင်းရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ရာ၌ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းလျော့နည်း ကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွှန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် မဖြစ်သေး သော်လည်း ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝ ရရှိစေရန် ထိုးနှံပေးလျက်ရှိရာ လူတိုင်း မပျက်မကွက်အကြိမ်ရေ ပြည့်ဝစွာထိုးနှံပေးကြပါရန် အသိပေးနှိုးဆော်ခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မော်လမြိုင်ခရိုင်ပြန်/ဆက်)