လင်းခေးမြို့နယ် ဝမ်စစ်ကျေးရွာတွင် "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးဆောင်ရွက်ပေး
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်၁၀နာရီက"ပန်းခင်း"စီမံချက်ဖြင့် လင်းခေးမြို့နယ်၊ဝမ်စစ်ကျေးရွာအုပ်စုရှိ၊ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး(Onestop Service)လုပ်ငန်းကို အဆိုပါကျေးရွာသို့ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။