ဆီဆိုင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံးလွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ဟိုခဲရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများကထိုးနှံပေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဟိုခဲရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ကဆက်လက်ကွင်း ဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)