ကျောက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေး

ကျောက်ကြီး  ဒီဇင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက နတ်သံကွင်းဒေသ အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းဦးမှ ဦးဆောင်၍  နတ်သံကွင်း အထကကျောင်းခန်းမ၌ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိနိုင်ရေး စာရင်း ကောက်ယူ ခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ရာ ကျား (၁၉)ဦးနှင့် မ (၅၀)ဦး၊ စုစုပေါင်း(၆၉)ဦးအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ   ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှစ၍ ရုံးပိတ်ရက်ပါမကျန် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အိမ်ထောင်စု စာရင်းပြုလုပ် ပေးသူ(၂၅၅)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးသူ ( ၁၆၆၃ )ဦးရှိပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများအား စီမံချက်ကာလအတွင်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းဦးထံမှ သိရသည်။