လင်းခေးမြို့နယ် ဝမ်စစ်ကျေးရွာတွင် "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးဆောင်ရွက်ပေး

လင်းခေး      ဒီဇင်ဘာ   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်၁၀နာရီက"ပန်းခင်း"စီမံချက်ဖြင့် လင်းခေးမြို့နယ်၊ဝမ်စစ်ကျေးရွာအုပ်စုရှိ၊ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး(Onestop Service)လုပ်ငန်းကို အဆိုပါကျေးရွာသို့ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ ကျေးရွာရှိအသက်၁၈နှစ်ပြည့်ပြီးသူများနှင့် အထက်ပြည်သူ(၃၆)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၆)ကတ်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြပြီး၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများအား ၎င်းတို့၏ နေအိမ်အရောက် သွားရောက်ပြုလုပ်ပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလှကျော်က ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)