ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန်(omicron ) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Dec 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန်(omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန် က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။