တောင်ပြိုလက်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၁၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ပြိုလက်ဝဲမြို့ရုံး၌ စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ သုတပဒေသာစာစောင် အတွဲ(၄၆)၊ အမှတ်(၁) စာအုပ်ပါ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဦးသိန်းနိုင်က ‘‘စာတတ်သူတိုင်းစာဖတ်ကြပါစို့’’ ဆောင်းပါးအားဖတ်ကြားပြီး စာပေ မြတ်နိုးသူလူငယ်တစ်ဦးမှ စာဖတ်အလေ့အကျင့်နှင့် အခွင့်အလမ်းစာပိုဒ်ဖြင့် ဆွေးနွေး ဖတ်ကြားခဲ့ကြသည်။

ဆက်လက်ပြီး မြို့ပြည်သူ့စာကြည့်တိုက်ရှိ သုတပဒေသာ စာအုပ်စာစောင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ စာပေမြတ်နိုးသူများက မဂ္ဂဇင်း၊ စာစောင်စာအုပ်များဖတ်ရှုကြပြီး မှတ်မိသမျှ ပြန်လည်ဆွေးနွေးကာ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်က ဆောင်းပါးပါ အကြောင်းအရာများအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)