ကောလင်း ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကောလင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က သုဓမ္မာ အမှတ်(၂) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
ထိုသို့ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးရာတွင် နိုင်ငံသားအရည်အချင်းနှင့် ပြည့်မီသူ ကျောင်းသား ၆ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဆန်းလွင်နှင့် အဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)