မိုင်းပျဉ်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကလေးများအား ရောင်စုံစက္ကူကို အသုံးပြု၍ အရုပ်ခေါက်နည်းကို မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့ နံနက်ပိုင်းက သင်ကြားပေးခဲ့ကြောင်းသိရသည်။
ထိုသို့ သင်ကြားပြသပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်သန္တာအောင်က ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်နည်းနှင့် စက္ကူပန်း ပြုလုပ်နည်းတို့ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ကလေးများကို ၎င်းတို့၏ကိုယ်ပိုင် ဉာဏ်ရည်ကိုအသုံးပြုပြီး ထီထွင်ဆန်းသစ်မှုများ ပြုလုပ်တတ်စေရန်၊ စာပေကိုတန်ဖိုးထားသည့် လူတော်၊ လူကောင်းများ ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)