ပုသိမ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကိုးဆူကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်မြ မြဝင်းနှင့် ဝန်ထမ်းများသည် ကိုးဆူကျေးရွာအုပ်စုရှိ ၊အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစီစစ်ရေး ကဒ်ပြားမရှိသူ စုစုပေါင်း (၁၃၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း၊ နိုင်ငံတော်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူတိုင်းကိုယ်စီ မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်းစီမံချက်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ပုသိမ်မြို့နယ်အတွင်း မှတ်ပုံတင်လုပ်ဆောင်ရန် ကျန်ရှိသူ (၁၁၃၅၇)ဦးအနက် ၁၀ လတာ ကာလအတွင်း (၇၀၀၀) ကျော် ဆောင်ရွက်ပေးပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၆၄.၂% ဆောင်ရွက် ပေးပြီးဖြစ်သည်။ ပုသိမ်မြို့နယ် လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကျန် ၃၅.၈% အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အပြီး မှတ်ပုံတင်ရရှိရေးဆောင်ရွက်ပေးရန် စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရပါသည်။