သတင်းများ

မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေး
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် ထားရှိပြီး ယမန်နေ့နံနက်ပိုင်းက မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် (၁၄၂)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
လသာမြို့နယ်တွင် အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး
Dec 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေး ဌာနမှ၀န်ထမ်းများပါ၀င်သော အဖွဲ့သည် မော်တော်ယာဉ်(၃)စီး ဖြင့်ယနေ့ နံနက် (၇)နာရီအချိန်က အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
မြိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၁၂)ရက် ညနေပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဖျာပုံမြို့နယ် ဂျိုဝါကျုံကျိုက်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့နယ် ဂျိုဝါကျုံကျိုက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့မှ အောက်ဆီဂျင်လိုအပ်သူများအား အောက်ဆီဂျင် လှူဒါန်းပေး
Dec 13,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအား အောက်ဆီဂျင်လိုအပ်ပါက အောက်ဆီဂျင် အခမဲ့လှူဒါန်းပေးလျက်ရှိသည်။
ဘုတ်ပြင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမျာ းပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ (၁၂) ရက်နေ့က ကမာချောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့ ထောင်စုံမဟက်ကျေးရွာအုပ်စုတွင် အကြိုအခြေခံ မီးသတ်သင်တန်းဖွင့်လှစ်ပို့ချ
Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ထောင်စုံမဟက်ကျေးရွာအုပ်စုတွင် မြို့နယ်မီးသတ်ဦးစီးဌာနက အကြိုအခြေခံမီးသတ်သင်တန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ပို့ချခဲ့ပြီး သင်တန်းကို (၅) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မြို့ရွာသန့်ရှင်းလှပရေး မြို့ခံ ပရဟိတလူငယ်အဖွဲ့များစုပေါင်းအမှိုက်ကောက်
Dec 13,2021
မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး ကော့သောင်းမြို့ခံပရဟိတလူငယ်အဖွဲ့များ စုပေါင်း အမှိုက်ကောက် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ကမ်းနားလမ်း တစ်လျှောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။