သတင်းများ

မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့မရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့သည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 12,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 12,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ် နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ဗုဒ္ဓရုပ်ပွားတော်ဆစ်ဆူဖြစ်သာ သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများလာရောက်ဖူးမြော်
Dec 12,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာရှိ မြတ်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဌာပနာ၍ တည်ထားသော သာသနာ့သမိုင်းဝင် သမုဒ္ဒဂီရိမြ စေတီတော်မြတ်ကြီးအား အခြားစေတီများ နည်းတူ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ကြည်ညိုခွင့်ပြုထား သောကြောင့် အဖိတ်၊ ဥပုသ်နေ့များနှင့် စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်လျက် ရှိကြသည်။
ဆင်ပေါင်ဝဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသ
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား လျှော့နည်းပ‌ပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့် အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပညာပေးနှိုးဆော်
Dec 12,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့၌ ကြက်သွန်နီ ဝင်ရောက်မှု နည်းသော်လည်း ဈေးနှုန်းမြင့်တက်ခြင်းမရှိ
Dec 12,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီ ဝင်ရောက်မှု နည်းနေသေးသော် လည်း ဈေးနှုန်းများ မြင့်တက်ခြင်း မရှိသေးဘဲ ပွဲရုံဝယ်ဈေးကျပ် ၂၅၀၊ ၃၀၀ ဖြင့်သာ ဈေးတည်ငြိမ်နေကြောင်း မင်းဘူးမြို့ အမှတ်(၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း ဆောင်ရွက်
Dec 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစား ပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံက်ပိုင်းက အ.ထ.က ပေကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။