မင်္ဂလာဒုံ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် ထားရှိပြီး ယမန်နေ့နံနက်ပိုင်းက မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် (၁၄၂)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဓါတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများကို ထောက်ကြန့် ကိုဗစ်စင်တာတွင် Quarantine (၁၀)ရက်ထား၍ ရက်ပြည့်ပါက မိသားစုများရှိရာ မိမိတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)