ဖျာပုံမြို့နယ် ဂျိုဝါကျုံကျိုက်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ    ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့နယ် ဂျိုဝါကျုံကျိုက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးဇော်နိုင်နှင့် ဝန်ထမ်းများသည် ဖျာပုံမြို့နယ် ဂျိုဝါကျုံကျိုက်ကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ မှတ်ပုံတင် အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ(၂၂၉)ဦးအား ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)