သတင်းများ

မြို့သစ်မြို့နယ်၌ တည်ဆောက်လျှက်ရှိသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်း(၉၀) ရာခိုင်နှုန်း ပြီးစီး
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုးအလုံးရေ ၁၂၀ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို မြို့သစ်မြို့နယ် ပုလင်းကြီး ကျေးရွာအနီး၌ တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ပဲပုပ်ရောင်းအားကောင်း၍ ပဲပုပ်ရောင်းချသူများ အဆင်ပြေ
Dec 12,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပဲပုပ်ရောင်းအား ကောင်းပြီး စျေးကောင်းလည်း ရနေသောကြောင့် ယခုအခါ ပဲပုပ်စိုက်တောင်သူနှင့် ပဲပုပ် ပြုလုပ်ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း ပဲပုပ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Dec 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် နေကြာစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း
Dec 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်နေကြာ ရဖို့သေချာသလောက် ရှိနေပြီ ဖြစ်ကြောင်း တောင်ဖက်တန်းကျေးရွာ ဆောင်းနေကြာစိုက် ပျိုးတောင်သူ ဦးမင်းညိုကပြောကြားသည်။
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည် သူသိရှိနိုင်စေရန် အသိပညာပေးလှည့်လှည်နှိုးဆော်
Dec 12,2021
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက မြို့ပေါ် ရပ်ကွက် များသို့ သွားရောက်၍ အသိပညာပေးလှည့်လည်နှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့မရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့သည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 12,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။