ဆင်ပေါင်ဝဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား လျှော့နည်းပ‌ပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား လျှော့နည်းပ‌ပျောက်ရေးအကြောင်း သိကောင်းစရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ကဗျာများ၊ ကာတွန်းများ၊ ဆောင်းပါးများ၊ ကိုဗစ်-၁၉ အသိပညာပေးအကြောင်းအရာများနှင့် ကျန်းမာရေး ကဏ္ဍ များပါဝင်ကြောင်း သိရှိရသည်။

နိုင်လင်း