မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

အထက်မင်းလှ  ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲက  မြို့မရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေး‌နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း  နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွာသွားခြင်း မပြုရန်၊ မဖြစ်မနေ ထွက်ခွာ သွားလာရပါက     နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊  လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး ()ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန်တိုက်တွန်း နှိုးဆော်ခဲ့သည်။

ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံ‌ပေးလျက်ရှိရာ   ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်၁၈နှစ်အထက် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်‌ ဆေးထိုးစုရပ်များတွင် သွားရောက် ထိုးနှံကြရန်နှင့် ကာကွယ်‌ဆေးကို အကြိမ်‌ရေပြည့် ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)

                                                                                                                       09258637848