သတင်းများ

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက သူငယ်တော်ယေဇူး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Dec 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ဗဟုသုတတိုးပွားပြီး စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့် ကောင်းများ ဖြစ်လာစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ၌ စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 03,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)၌ ဒီဇင်ဘာ ၃ ရက် မွန်းလွှဲ ၃ နာရီက စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီခွဲက ''စာရိတ္တမဏ္ဍိုင် ခိုင်ပါစေ''ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
မန်ကန်မြို့၌ အသက်(၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံ ပြည်သူများအား မန်ကန်မြို့ အခြေခံပညာအလယ်တန်းကျောင်း-ပန်ဖိန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။ 
ညောင်တုန်းမြို့တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးစီးမှုနှင့် အချိန်လွန်ချေးငွေကြွေးကျန်များပြန်လည်ကောက်ခံရာတွင် ပိုမိုတိုးတက်ရရှိစေရေးညှိနှိုင်းဆွေးနွေး
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးစီးမှုနှင့် အချိန်လွန်ချေးငွေကြွေးကျန်များပြန်လည်ကောက်ခံရာတွင် ပိုမိုတိုးတက်ရရှိစေရေးညှိနှိုင်းဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၃ရက် နံနက်၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ပေါင်းတည်မြို့၌ မော်တော်ဆိုင်ကယ်စီးနင်းသူများအား အသိပညာပေး
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ ဘုရားကြီးရှေ့စစ်ဆေးရေးဂိတ်တွင် ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ လေယာဉ်ခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေယာဉ်ခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။