အုတ်ဖို ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကြီးတန်း ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ကျောင်းကြီး တန်းလမ်းတွင် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျှက်ရှိရာ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ရေမြောင်းမှာ အရှည် (၁၂၀၀) ပေ၊ အကျယ် (၄) ပေ၊ အနက် (၃)ပေ (၆) လက်မဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကျောင်းကြီးတန်းရပ်ကွက်နှင့် မြို့မ(၁) လမ်း၊ မြို့မ(၂)၊ မြို့မ(၃)လမ်း တို့တွင်နေထိုင်လျှက်ရှိ ပြည်သူများ ကျန်းမာသန့်ရှင်းရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရန် ပိုးလောက်လန်းများမပေါက်ပွားအောင် မြောင်းပိတ်ဆို့မှုမှ ကင်းဝေးပြီး ရေစီး ရေလာ ကောင်းမွန်လာမည့်အပြင် မြောင်းပုတ်နံ့ကင်းဝေးအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင် ထံမှ သိရသည်။
အောင်သူ