အမ်း ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်လမ်းဆုံ လမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများဆောင် ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူများ အနေဖြင့် ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် စတင်ကူးစက်နေပြီဖြစ်သဖြင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲနေ အိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ စနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေး ရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိပြီး လိုက်နာဆောင်ရွက် ကြရန် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
စိုးမင်းထွန်း