ကော့သောင်းမြို့ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူများ ပြန်လည် လာရောက် လည်ပတ်လျက်ရှိ
Dec 12,2021
ကော့သောင်းမြို့ ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူ မြို့ခံပြည်သူများအပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ပြည်တွင်းခရီးသွားမိသားစုများ တစ်စတစ်စ ပြန်လည် လာရောက်လည်ပတ်လျှက်ရှိရာ အများပြည် သူ အားလပ်ရက်ဖြစ်သည့်ဒီဇင်ဘာလ၁၂ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းက ပင်လယ်ကျွန်းအပန်ဖြေ ခရီးသွားရောက်မည့် သူများ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွား လုပ်ငန်းကုမ္မဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့၊ ဘုရင့်နောင် ဆိပ်ကမ်းဘောတံတား တွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။