မိတ္ထီလာ ဒီဇင်ဘာ ၁၂
မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့နံနက် ၉ နာရီအချိန်က ခရိုင်အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ ပထမဆုရ မိတ္ထီလာနယ်အသင်း၊ အမျိုးသား ကြက်တောင်ပြိုင်ပွဲတွင် ပထမဆုရ မိတ္ထီလာမြို့နယ် အသင်းနှင့် အမျိုးသမီး ကြက်တောင် ပြိုင်ပွဲတွင် ပထမ ဆုရမိတ္ထီလာမြို့နယ်အသင်း တို့အား ငွေသားဆုများနှင့် ဆုဖလားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး က ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဝမ်းတွင်းမြို့နယ်အသင်း၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဝမ်းတွင်းမြို့နယ်အသင်း၊ အမျိုးသား ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မလှိုင်မြို့နယ်အသင်း၊ ပြိုင်ပွဲအလိုက် အကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ ဆုရပြိုင်ပွဲဝင်အသင်းများမှ အားကစား များအား တစ်ဦးချင်း ဆုတံဆိပ်များအား လည်းကောင်း၊ ဆုရအသင်းများအား ငွေသားဆုများနှင့် ဆုဖလားတို့ကို လည်းကောင်းတာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၄ သင်းနှင့် ကြက်တောင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအား ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းသာ