ဒလမြို့နယ်ရှိ မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန် ငွေကျပ် သိန်း ၃၀၀ ပေးအပ်လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၏ ကျက်သရေဆောင် မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် ငွေကျပ်သိန်း ၃၀၀ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ညောင်ကုန်းရပ်ကွက်ရှိ အဆိုပါ ဘုရားကြီး တန်ဆောင်းတိုက် အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းပွဲတွင် ညောင်ကုန်းရပ်ကွက် ဇေယျဝတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရထံမှ ဩဝါဒခံယူခဲ့၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား ရေစက်သွန်းချ အမျှဝေခဲ့ပြီး၊ မဟာသင်္ကြန်ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် SPC Myanmar Co,Ltd မှ လှူဒါ်န်းသည့် ငွေကျပ်သိန်း ၃၀၀ ကို အလှူရှင်မိသားစုက ဘုရားကြီးဂေါ်ပကအဖွဲ့ထံသို့ ပေးအပ်လှူဒါန်း ခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါ်န်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းအောင်၊ ဦးအောင်သင်းကျော် နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်နှင့် ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲများ တက်ရောက်ခဲ့ကြသည်။

မဟာသင်္ကြန်ဘုရားကြီးအား ကောဇာသက္ကရာဇ် ၁၂၈၇ ခုနှစ် ကဆုန်းလဆန်း ၁ ရက်နေ့တွင် ပန္နက်ရိုက်ခဲ့ပြီး၊ တပေါင်းလဆုပ် ၁၀ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ ဉာဏ်တော်အမြင့် ပေ ၃၀ ၆ လက်မရှိကြောင်း၊ အစဉ်အလာမပျက် နှစ်စဉ်သင်္ကြန်ရက်အတွင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ၊  ၁၁၇ ကြိမ် ရှိခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ် ဖြစ်ပွားမှုကြောင့် ၂ ကြိမ် ကျင်းပခဲ့ရကြောင်း သိရသည်။

နိုင်လင်းကျော်(IPRD)