လိပ်သို ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းက ယင်းတလဲစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားတဲ့ “အကြံကောင်းသောကြက်မ” ခေါင်းစဉ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့ရုံးပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာဖတ် ပရိသတ် ပြည်သူများနှင့် ကျောင်းသားကျောင်းသူ၊ သားငယ်သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှတစ်ဆင့် သုတ/ရသ စာအုပ် မိတ်ဆက်အစီအစဉ်၊ ဆေးရောင် ခြယ်အစီအစဉ်၊ ပုံပြောခြင်းအစီအစဉ် ကဗျာလေး တွေ ရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Page မှ တစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)