ကော့မှူး ဒီဇင်ဘာ ၁၂
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက် ဆုတောင်းပြည့်စေတီတော်ကြီးပေါ်တွင်၊ အမှိုက်များရှင်းလင်းခြင်း၊ ဘုန်းတော်ကြီး ကျောင်းတိုက်များအတွင်းရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများသွားရာ လမ်းဘေးဝဲယာရှိ ချုံနွယ်၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းများကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ပေါင်းမြက်များ ရှင်းလင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး