မင်းပြားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မင်းပြား နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ထိုသို့စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြသနာအထွေထွေ ဟောပြောချက် စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေနှင့် ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ပြီး စာအုပ်ပါ အချက်အလက်များတွင် ရည်မှန်းချက်နှင့် ယုံကြည်မှုကွာကြားချက်အား မြို့နယ်ဦးစီးမှူးက ဆွေးနွေးခြင်း၊  ဓာတ်ပုံကျွမ်း-၂ ဦးသိန်းနုအောင်က ဝေဝါးတဲ့ရည်မှန်းချက်ဆီကို ယုံကြည်ချက်နှင့် သွားလျှင် အောင်မြင်ခြင်း အချက်အား ဆွေးနွေးခြင်း၊ အောင်မြင်ရေးအတွက် ကြိုးစားခြင်းကို စာကြည်တိုက် လက်ထောက်-၃ ဒေါ်ခင်နီနီလွင် က ဆွေးနွေးခြင်း၊ ကျေးလက်လူငယ်များ တိုးတက်ကြီးပွားရန် အတွက် ရုပ်သံကျွမ်းကျင်-၃ ဦးအေးချမ်းစိန်က ဆွေးနွေးခြင်းစသည့် အချက်များကို အသီးသီး ဆွေးနွေးကာ စာဖတ်ဝိုင်း ပြုလုပ်ကြကြောင်း သိရသည်။

သိန်းနုအောင်