တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

တာချီလိတ်    နိုဝင်ဘာ    ၁၅

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် တာချီလိတ်မြို့သို့ ရောက်ရှိပြီး ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျက် ပထမ(၃)လ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညွန်ကြားရေးမှူးသည် နိုဝင်ဘာ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ တာချီလိတ်မြို့သို့ ရောက်ရှိပြီး ၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍရေးနှစ် မီနီဘတ်ဂျက် ပထမ ၃ လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ​လမ်းနှင့် ရေနုတ်မြောင်း ပြုပြင်တည်ဆောက်နေမှု၊ AC plant စက်ရုံဝင်းအတွင်း ဆောင်ရွက်ထားမူ အခြေအနေ၊ ယာဉ်စက်ယန္တရားများ၊ ဝန်ထမ်းအိမ်ယာများ၊ ပန်းခြံများသန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု​စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ညွန်ကြားရေးမှူးချုပ်သည် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေး​ခဲ့ကြပြီးလမ်းညွန်မှာကြားခြင်းနှင့် လိုအပ်သည်များကို​ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး ( ပြန်/ဆက်)