သန်လျင်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဌက်ဖျားရောဂါအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

tအသိပညာပေးပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်တင်က ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဌက်ဖျားရောဂါအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်ရခြင်းအား ရှင်းလင်း ပြောကြားပြီး သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (Malaria Inceptor) ဦးအောင်တိုးဦးက ပြည်သူများ ဌက်ဖျားရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ ဌက်ဖျားရောဂါဖြစ်ပွားသည့် အကြောင်းအရင်း၊ ဌက်ဖျားရောဂါရှိ၊ မရှိစစ်ဆေးရမည့် အကြောင်းအရာများ၊ ကုသရမည့်အကြောင်းများနှင့် ပြည်သူများ သိသင့်သိထိုက်သော ကျန်းမာရေးဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်တင်က ပြည်သူများ သိသင့်သိထိုက်သော ကျန်းမာရေးဆိုင်ရာ ဌက်ဖျားရောဂါ အကြောင်း ရှင်းလင်းပေးမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်