ကျောက်ဆည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဌေး၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက ငါးမြွေကုန်းကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းလီမိတက်မှ အသင်းသားများ နှင့်တွေ့ဆုံပြီး Daedong စက်ကိရိယာထွန်စက် တန်ဘိုးငွေများ စနစ်တကျပေးသွင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မဲကုန်းကျေးရွာနှင့် ထုံးဘိုကျေးရွာတို့မှ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းလီမိတက် အသင်းသားများနှင့် တွေ့ဆုံပြီး Daedong စက်ကိရိယာထွန်စက် ဝယ်ယူထားသောငွေများနှင့် (၁၆)ကြိမ်မြောက် EXIM Bank ငွေများ စနစ် တကျ ပေးသွင်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)