နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်း (၃၆၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပြီးစီး

နတ်မောက်  ဖေဖော်ဝါရီ  ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose စတင်ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ(၉)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်း (၃၆၀) ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့ကြစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့သည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield)  နှစ်ကြိမ်ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးရာဌာန ဆိုင်ရာဝန်ထမ်းစုစုပေါင်း (၃၆၀) ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်