မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များ အသိပေးနှိုးဆော်

မုဒုံ    ဒီဇင်ဘာ   ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်    ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"  ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့မစျေးရှေ့တွင် အသိပညာပေး နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည် သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ  လက်မခံရန်နှင့်  အခြားသူများထံသို့   သွားရောက်မလည်ပတ်ရန်၊      အရေးကြီးကိစ္စနှင့်အပြင် ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများ နှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး  အသက်အန္တရာယ်ကိုပါ   ထိခိုက်နိုင်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

 အောင်မျိုးသူ(ပြန်/ဆက်)